မြန်မာအကြမ်းဖက် စစ်ကောင်စီ ၏ ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ၎င်း၏နောက်လိုက် စိုးဝင်း၊ ရဲဝင်းဦး၊ မိုးမြင့်ထွန်း၊ မြထွန်းဦး၊ တင်အောင်ဆန်း၊ အောင်လင်းဒွေး၊ မောင်မောင်ကျော်၊ စိုးထွဋ်၊ ခင်မောင်ဆွေ၊ သိန်းညွန့်၊ မန်းညိမ်းမောင်၊ စောဒယ်နီရယ်၊ စိုင်းလုံစိုင်း၊ အေးနုစိန်၊ နှင့် ဗညားအောင်မိုး တို့ကို သြစတြေးလျားအစိုးရ ၏ နိုင်ငံခြားရေး ဝန်ကြိး Penny Wong က ဇန်နဝါရီလ ၂၅ ရက် နေ့စွဲဖြင့် လက်မှတ်ရေးထိုးထားသော Autonomous Sanctions (Designated and Declared Persons – Myanmar) Amendment Instrument 2023 ဖြင့် ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများပြုလုပ်လိုက်ပါသည်။ အောက်ပါဖောင်ကို အသုံးပြု၍ သြစတြေးလျားနိုင်ငံတွင် ရှိနေနိုင်သော ၎င်းတို့၏ ငွေကြေးပိုင်ဆိုင်မှုများ၊ စီးပွားရေး လုပ်ငန်းများကို သတင်းပေးပို့နိုင်ပါသည်။